Skip to main content
FIGHT & FITNESSSTUDIO
My learning
Menu
← Back to Studio
← Back to home
ဆရာ ဦးကျော်ဇော်ဟိန်း
Main Branch

ဆရာ ဦးကျော်ဇော်ဟိန်း

Taekwondo Instructor & Former Myanmar National Athlete

ဆရာ ဦးကျော်ဇော်ဟိန်းသည် မြန်မာ့လက်ရွေးစင် တိုက်ကွမ်ဒို ကစားသမားဟောင်းဖြစ်ပြီး Fight and Fitness Studio တွင် တိုက်ကွမ်ဒိုနည်းပြအဖြစ် သင်ကြားပေးလျက်ရှိပါသည်။ ၂၀၁၀–၂၀၁၁ ပညာသင်နှစ်တွင် မန္တလေး အားကစားနှင့် ကာယပညာသိပ္ပံ၌ တိုက်ကွမ်ဒိုပညာကို စတင်လေ့လာခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် မြန်မာ့လက်ရွေးစင်အဖြစ် ရွေးချယ်ခံခဲ့ရပါသည်။ ပြိုင်ပွဲအတွေ့အကြုံ • ၂၀၁၂ — ကိုရီးယားနိုင်ငံ Korea Open World Championship တွင် ကြေးတံဆိပ်ရရှိခဲ့ပါသည်။ • ၂၀၁၃ — မြန်မာနိုင်ငံ၌ ကျင်းပသည့် SEA Games တွင် နိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။ နည်းပြအတွေ့အကြုံ • ၂၀၁၄–၂၀၁၇ — မန္တလေး အားကစားနှင့် ကာယပညာသိပ္ပံ။ • ၂၀၁၇–၂၀၂၃ — တောင်ကြီး အားကစားနှင့် ကာယပညာသိပ္ပံ။ • ၂၀၂၃ မှစ၍ မန္တလေးတွင် ADEN Taekwondo Club ကို တည်ထောင်ခဲ့ပြီး ယခု Fight and Fitness Studio တွင်လည်း သင်ကြားပေးလျက်ရှိပါသည်။ တိုက်ကွမ်ဒိုအခြေခံ၊ ကိုယ်ခံပညာနည်းစနစ်၊ ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် သွက်လက်မှုတို့ကို စနစ်တကျ လေ့ကျင့်သင်ကြားပေးပါသည်။ Studio သည် မန္တလေးမြို့၊ ၁၉ လမ်း၊ ကြိုင်သင်းလက်ဖက်ရည်ဆိုင်နှင့် မျက်နှာချင်းဆိုင် ဆင်လမ်းမထဲတွင် တည်ရှိပါသည်။ စာရင်းပေးသွင်းရန် Studio ၏ Official Facebook Page သို့မဟုတ် အွန်လိုင်းစနစ်မှ ဆက်သွယ်နိုင်ပါသည်။

Taekwondo · Fundamentals & Technique · Physical Fitness & Agility

TRAIN AT THE STUDIO

Studio classes

View schedule →