Skip to main content
FIGHT & FITNESSSTUDIO
My learning
Menu
← Back to Studio
← Back to home
ဆရာ ဦးဝင်းနိုင်
Main Branch

ဆရာ ဦးဝင်းနိုင်

Judo & MMA Instructor

ဆရာ ဦးဝင်းနိုင်သည် မြန်မာနိုင်ငံ ဂျူဒိုဆပ်ကော်မတီတွင် အတွင်းရေးမှူးနှင့် နည်းပြတာဝန်များ ထမ်းဆောင်လျက်ရှိပြီး Fight and Fitness Studio တွင် Judo နှင့် MMA ကို သင်ကြားပေးလျက်ရှိပါသည်။ လေ့လာဆည်းပူးခဲ့သော ပညာရပ်များ • ဂျူဒို — ၁၉၈၉ ခုနှစ်မှစ၍ ဆရာကြီး ဝီလျံထွန်းနှင့် ဆရာကြီး တဲလီဂျင်တို့ထံတွင် ဆည်းပူးခဲ့ပါသည်။ • ဝူရှူး — ဆရာ ဦးကျော်အေးနှင့် ဆရာ ဇော်ဝင်းတို့ထံတွင် လေ့လာခဲ့ပါသည်။ • ကရာတေး — ယူနိုက်တက် ကရက်ဒစ်ကလပ်မှ ဆရာကြီး ဦးပန်းထွန်းနှင့် ဆရာကြီး ဦးဇော်နိုင်တို့ထံတွင် သင်ယူခဲ့ပါသည်။ • မြန်မာ့ရိုးရာလက်ဝှေ့ — ဆရာကြီး ဦးတင်မောင်ဆွေထံတွင် ဆည်းပူးခဲ့ပါသည်။ ၁၉၉၀–၁၉၉၃ ခုနှစ်များနှင့် ၁၉၉၉ ခုနှစ် အောင်ဆန်းအားကစားကွင်း၌ ကျင်းပသည့် ပြိုင်ပွဲများအပါအဝင် ပြိုင်ပွဲများစွာ ဝင်ရောက်ခဲ့ပါသည်။ ရွှေ၊ ငွေ၊ ကြေးတံဆိပ်များနှင့် အကောင်းဆုံးအားကစားသမားဆုတို့ ရရှိခဲ့ပြီး ပြည်နယ်နှင့်တိုင်း၊ ဝန်ကြီးဌာန လက်ရွေးစင်အဖြစ် ရပ်တည်ခဲ့ပါသည်။ မြန်မာ့ရိုးရာလက်ဝှေ့တွင်လည်း လက်ရွေးစင်နှင့် ဆုကြေးရ တပည့်များကို မွေးထုတ်ပေးခဲ့ပါသည်။ Judo နှင့် MMA နည်းစနစ်များ၊ ကိုယ်ခံပညာစွမ်းရည်နှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုတို့ကို စနစ်တကျ လေ့ကျင့်သင်ကြားပေးပါသည်။ သင်တန်းအသေးစိတ်နှင့် စာရင်းပေးသွင်းရန် Studio ၏ Official Facebook Page သို့မဟုတ် အွန်လိုင်းစနစ်မှ ဆက်သွယ်နိုင်ပါသည်။

Judo · Mixed Martial Arts · Myanmar Traditional Boxing

TRAIN AT THE STUDIO

Studio classes

View schedule →